Saturday, June 6, 2015

Window 8 စတိုင်ကဲ့သို့သော-Home 8+ like Windows8 Launcher v3.9.0 build 88Apk


Now တင်ပေးလိုက်တာကတော့ Window 8 စတိုင်သုံးနိုင်တဲ့ Launcher တစ်ခုပါ။ စမ်းသုံးကြည့်ပြီး အရမ်း မိုက်လို့ပြန်တင်ပေးလိုက်တာပါ။ Window 8 Launcher တွေအများကြီးတင်ပေးဖူးတယ်ဆိုပေမယ့် အခု တင်ပေးလိုက်တဲ့ Home8+like Windows8 v3.9.0 Apk ကတော့ အကောင်းဆုံးနဲ့ အလှပဆုံး Launcher ပါ။ Phone ထဲမှာ Page တွေ icon တွေ Background တွေအားလုံးရဲ့ Resolution ဟာအတော်လေးကောင်း မွန်တာကိုတွေ့ရပါတယ်။ နောက်ပြီး Background Theme တွေကိုလည်း အမြဲတမ်းဆန်းသစ်နေအောင် Change နိုင်ပါတယ်။ ပြောင်းနိုင်တဲ့အရောင်တွေကလည်း 10 မျိုးနှင့်အထက်ပါ၀င်ပါတယ်။ နမူနာကြည့် နိုင်ဖို့အတွက်အောက်မှာ Screen Shot တွေရိုက်ပြီးပြထားပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်ပါတယ်။





  Download Here

ဘေးကင်း လုံခြုံသော လိင်ဆက်ဆံရေးဟု ဆိုရာဝယ်




ဘေးကင်း စိတ်ချရရတဲ့ လိင်ဆက်ဆံမှု အလေ့အထတွေကို ကျင့်သုံးခြင်း အားဖြင့် လိင်ဆက်ဆံ မှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ဆောင် ရခြင်းကို ကာကွယ် နိုင်ပါတယ်


ဘေးကင်းစိတ်ချရရတဲ့ လိင်ဆက်ဆံမှု အလေ့အထတွေကို ကျင့်သုံးခြင်းအားဖြင့် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို ကာကွယ်နိုင်ပါတယ်။ စိတ်ချရတဲ့ နည်းလမ်းတချို့ ရှိတယ် ဆို ပေမယ့်လည်း ၁၀၀ ရာခိုင်နှုန်းကာကွယ်မှုပေးနိုင်တယ် ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ကွန်ဒုံး အသုံးပြုခြင်းလိုမျိုး ကာကွယ် နည်းတချို့ကို အသုံးပြုတဲ့ အတွက် နောက်ဆက်တွဲဆိုးကျိုး တွေကို အများကြီး လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ အသေချာဆုံးနဲ့ စိတ်အချရဆုံးနည်းလမ်းကတော့ လိင် ဆက်ဆံမှုကို ရှောင်ကျဉ်ခြင်း သို့မဟုတ် လုံးဝ မပြုလုပ်ခြင်း ပါပဲ။ ဒါ ပေမယ့် ဒီလမ်းကို အများစုက ရွေးချယ်ကြမှာ မဟုတ်တာ သေချာပါတယ်။ ရောဂါကူးစက်မှုနဲ့ မလိုချင်ဘဲ ကိုယ်ဝန် ဆောင်ရ ခြင်းစတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့ လျှော့ချပေးနိုင်တဲ့ နည်းလမ်းတချို့ကို ဒီတပတ်ရဲ့ လိင်ဆက်ဆံမှု ဆိုင်ရာ အသိပညာပေးအဖြစ် တင်ပြလိုက်ပါတယ်။

ကွန်ဒုံး သုံးပါ။

လိင်ဆက်ဆံစဉ်မှာ ကွန်ဒုံးသုံးပါ။ ကွန်ဒုံး ကို အမျိုးသားတွေပဲ သုံးလေ့ရှိတယ် ဆိုပေမယ့် အခုအချိန်မှာတော့ အမျိုးသမီး သုံး ကွန်ဒုံးတွေလဲရှိလာတဲ့ အတွက် အမျိုးသမီးတွေလည်း အသုံးပြုနိုင်ပါတယ်။ ကွန်ဒုံးက ရေလုံလေလုံတဲ့ အတွက် ဗိုင်းရပ်စ် ပိုးတွေ ကိုယ်ခန္ဓာထဲ မ၀င်ရောက်နိုင်အောင်တားဆီး ပေးနိုင်ပြီး လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆက်ဆံသူ ၂ ဦးကြားမှာ ကိုယ်ခန္ဓာ အရည်များ ကူးစက် ပျံ့ နှံ့ မှု မရှိအောင် ကာကွယ်ထားတဲ့ အတွက် စနစ်တကျ အသုံးပြုမယ်ဆိုရင် မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို ၉၈ ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင်ပါတယ်။

တလင်တမယား စနစ်ကျင့်သုံးပါ။

တလင်တမယား စနစ် သို့ မဟုတ် မိမိရဲ့လိင်ဆက်ဆံဖက်ကို သတ်သတ်မှတ်မှတ် ထားရှိခြင်းကလည်း လိင်ဆက်ဆံမှု ကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက ၂ ယောက်လုံး ဟာရောဂါကင်းစင်သူတွေ ဖြစ်ရပါမယ်။ ဒါကြောင့် မိမိ အဖော်ရဲ့ လိင်မှုဆိုင်ရာ နောက် ခံ သမိုင်းကြောင်း ကို သိထားရမှာဖြစ်ပြီးတော့ တယောက်နဲ့ တယောက်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်း အားဖြင့် ဆိုး ကျိုးတွေကိုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ၂ ယောက်လုံးက တယောက်ကို တယောက်ကာကွယ်ပေးဖို့ လိုအပ်တယ်ဆိုတာ သိနားလည်ထားရင် ပိုကောင်းပါတယ်။

ပဋိသန္ဓေတားဆေးသောက်ပါ (သို့မဟုတ်) အမျိုးသမီး သားအိမ်တွင်းထည့် ပစ္စည်းများ (IUDs)ကို အသုံးပြုပါ။

ပဋိသန္ဓေ တားဆေး သောက်ခြင်းနဲ့ သားအိမ်တွင်းမှာထည့်ထားရတဲ့ ပစ္စည်းတွေကို အသုံးပြုခြင်းက မလိုချင်တဲ့ ကိုယ် ၀န်ကို တားဆီးပေးနိုင်ပေမယ့် ရောဂါကူးစက်မှု ကနေကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ Spermicidal ခေါ်တဲ့ သုက်ပိုး သေဆေးကလည်း ထိုနည်းတူပါပဲ။ ဒါကြောင့် မိမိဟာ လိင်ဆက်ဆံမှု ကြောင့် ကူးစက် တတ်တဲ့ ရောဂါ ရှိနိုင်တယ်လို့ ယူဆရင် ကွန်ဒုံးလို အကာအကွယ်ကိုလည်း အသုံးပြုရမှာ ဖြစ်ပါတယ်။

အရက်နဲ့ မူးယစ်ဆေးကိုရှောင်ပါ။

လိင်ဆက်ဆံမှုနဲ့ အရက်သေစာ သို့မဟုတ် မူးယစ်ဆေးဝါးကို မရောယှက်မိပါစေနဲ့။ လိင်ဆက်ဆံမှု မပြုမီ သို့ မဟုတ် လိင် ဆက်ဆံနေ စဉ်မှာ အရက် နဲ့ မူးယစ်ဆေးကို ရှောင်ရှားသင့်ပါတယ်။ အဲဒီ အရာတွေက စဉ်းစားဆင်ခြင်နိုင်မှုကို အတား အဆီးဖြစ်စေပါတယ်။ ကိုယ်ခံအား စနစ်ကို အားနည်းစေပါတယ်။ မလုပ်သင့်တာတွေကို လုပ်မိတတ်စေပါတယ်။ ပါတီပွဲ လိုမျိုးမှာ သောက်စားပျော်ပါးမှုကနေ မုဒိန်းမှုဖြစ်တာ၊ မလိုချင်တဲ့ ကိုယ်ဝန်ရလာတာ၊ လိင်ဆက်ဆံမှု ကြောင့် ကူးစက် တတ်တဲ့ ရောဂါတွေရလာတာတွေ ဖြစ်လာစေနိုင်ပါတယ်။ သာဓကတွေလည်း အများကြီး ရှိခဲ့ပါတယ်။

ကျန်းမာရေး စစ်ဆေးမှုကို မှန်မှန်ပြုလုပ်ပါ။

လိင်ဆက်ဆံဖော် များတဲ့ သူတယောက်ဟာ ဘာရောဂါ လက္ခဏာမှ ပြသခြင်းမရှိရင်တောင် ဆေးစစ်တာကို ပုံမှန် လုပ်သင့် ပါတယ်။ ဒါမှလည်း ရောဂါကူးစက်ခံရပြီ ဆိုရင် မြန်မြန်ဆန်ဆန် ကုသနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန် နဲ့ တိုင်ပင်ပါ။ ကုသဖို့ လိုအပ်ရင် ကုသမှုခံယူပါ။ ပြီးရင် ကိုယ့်ရဲ့ အဖော်ကို ဖွင့်ပြောပြပါ။ ဒါမှ သူလည်း စစ်ဆေး ကုသနိုင် မှာ ဖြစ်ပါတယ်။ ဆရာဝန်က ခွင့်ပြုချက် မပေးမချင်း ဘယ်သူနဲ့မှ လိင်ဆက်ဆံမှုမလုပ်ပါနဲ့။

ကျား/မ လိင် အင်္ဂါ အတုများ အသုံးပြုမယ်ဆိုရင်ဘာတွေ လုပ်ဖို့လိုလဲ။

ဒီလို ပစ္စည်းတွေ အသုံးပြုတဲ့ နေရာမှာလည်း စနစ်တကျသန့်ရှင်းအောင် မထားဘူးဆိုရင် လူသားတယောက်နဲ့ ဆက်ဆံ တာထက်တောင်ပိုပြီး ရောဂါကူးစက်ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အဲဒါတွေကို သန့်သန့်ရှင်းရှင်းထားပါ။ တဦးတည်း သီးသီးသန့်သန့် သုံးပါ။ ဖြစ်နိုင်ရင် ကွန်ဒုံးစွပ်ပြီး အသုံးပြုပါ။ တခြားသူ သုံးပြီးသားတွေ မသုံးပါနဲ့။

လိင်ကိစ္စ ဆိုတာ လိင်ဆက်ဆံခြင်းထက်ပိုပါတယ်။

လိင်မှု ကိစ္စဆိုတာကို အဓိပ္ပါယ် အများကြီးဖွင့်လိုရပါတယ်။ လူသား ၂ယောက် လိင်ဆက်ဆံခြင်း တခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံမှု မပြုလုပ်ပေမယ့် စိတ်ကျေနပ် နှစ်သိမ့်မှုကို ရှိနိုင်ပြီး ဘေးကင်းတဲ့ နည်းလမ်းတွေ လည်း ရှိပါတယ်။ ကိုယ်ခန္ဓာချင်း ထိတွေ့ပွတ်သပ်ခြင်း၊ အပြန်အလှန် စိတ်ဖြေ ဖျောက်မှုပြုလုပ်ပေးခြင်း၊ ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း တွေက ကျေနပ်သာယာမှုကို ရနိုင်သလို လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန် ဆောင်ရခြင်းတွေကို အနည်းဆုံး အထိလျှော့ချပေး နိုင်ပါ တယ်။

Source: onlymyhealth.com

Y325-T00 Official Firmware တင်နည်း




Huawei ရဲ့ အခု နောက် ပိုင်းထွက်..လာတဲ့..Y Series Model Y325-T00 ဖြစ်ပါတယ်..မြန်မာစာထည့်လို့ပဲဖြစ်ဖြစ်..အကြောင်းတစ်ခုခု ကြောင့်..logo ကနေ ပြန်မတက် တော့ဘူး..ဆိုရင်တော့..Firmware ကို မဖြစ်မနေတင်ရတော့မှာပါ...လိုအပ်တဲ့ Firmware ကို အောက် က Link တွင်.ဒေါင်းယူလိုက်ပါ...ပီးတော့..ဖုန်း ကို.Battery ဖြုတ်..ဒေါင်းလို့..ရလာတဲ့.ဖိုင်းထဲမှ..dload folder ကို..Quality ကောင်းတဲ့.SD Card အလွတ် တစ်ခု ထဲထည့်ပီး..SD Card အား ဖုန်း ထဲ့ထည့်ပါ..Recovery Mode ကနေ..၀င်ရေး ရမှာ ဖြစ်ပါတယ်..Recovery Mode ၀င် နည်း ကတော့..အခြား ဖုန်း နဲ့ မတူပါဘူး သူ့ကို..Power key ကို.3 Second နှိပ်ပီး.လွှတ် လိုက်ပါတယ်..Volume Up + Volume Down ပြိုင်တူ.နှိပ်လိုက်ပါ..ခဏ နေ..Recovery Mode ထဲ ရောက် သွားရင် လွှတ် လိုက်ပါ.Recovery mode မှ..Install update from SD Card ကို..ရွှေး ပေး လိုက်ရင် သူကဟာသူ.အလုပ်လုပ်နေပါလိမ့်မယ်..ပီးရင် တော့.Restart ဖြစ်သွားလိမ့်မယ်..Firmware အသစ် ပြန်ရနေပြီပေါ့..ဖုန်းထဲ့မှာ...

NLD ပါတီ နှင့် ကုလားအထောက်အပံ့ (ဖြစ်ရပ်မှန်)





NLD ဟာမွတ်ဆလင်-ကုလားထောက်ပံ့မှုနဲ့ ရပ်တည်နေတဲ့ပါတီဆိုတာ လက်တွေ့ကျတဲ့သက်သေတခု ကျနော်ပြမယ်... ကျနော်နဲ့ပန်းချီကျောင်းအတူတူတက်တဲ့ အနောက်ရန်ကင်းတိုက်အမှတ်(၃၅၆) အခန်းနံပါတ်(၂၀)မှာနေသူ ကျော်ရဲထွန်းဆိုသူ (ဖေ့ဘုတ်အကော့်နာမည်-Zaw Thura)ရဲ့ အမေ စာရေးဆရာမ ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ) ဟာ NLD ပါတီဝင်ပါ.... အဲကောင်အမေ ၁၉၉၅ ဝန်းကျင်က ထောင်ကျနေတုန်းက ဘယ်ကုလားမှလာမကြည့်... ထောင်ကလွတ်တော့ ဘယ်ကလဲမသိထောက်ပံ့ကြေးတွေရတယ်.. ဒေါ်စုလွတ်လာတော့ မွတ်ဆလင်အဖွဲ့အစည်းတွေ အဲဒီစာရေးဆရာမကို သိန်းရာချီထောက်ပံ့တယ်. ကိုနီမွတ်ဆလင်ကုလားဆို သူတို့တိုက်ခန်းကိုဝင်လိုက်ထွက်လိုက်.. နောက်ဆုံးဘွားတော်လည်း မုဆိုးမဆိုတော့ နောက်မီးလင်းတယ်.. ပထွေးကမွတ်ကုလားဖြစ်သွားလေတော့ အဲကောင်လည်း မဘသကိုဆဲ... သံဃာတွေကိုဆဲ ကျနော်ကမဆဲဖို့တားပေမယ့် လက်မခံ... နောက်ဆုံးကျနော်အဲကောင်ကိုပြန်ဆဲတော့... မခံနိုင်ဖြစ်ပြီး ဘလော့သွားပါလေရော... ဗျာတို့ရေ....

M E

လိုတစ်မျိုး မလိုတစ်မျိုး NLD နဲ့ အသုံးချခံ ဗကသ




 
ဇွန်လ ၂ ရက်နေ့က ဗကသ ကျောင်းသားတွေ သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်ချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယျာသော်နဲ့ ဦးသိန်းဆွေတို့ လာရောက်မေးမြန်းခဲ့ကြပါတယ်။ ဗကသ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေက သိပ်ပြီး အရေးမလုပ်ခဲ့ကြပါဘူး။ ဗကသ ကျောင်းသားတွေ NLD အပေါ် နာကြည်းနေကြပါတယ်။

ဗကသ ကျောင်းသားတွေ ဖမ်းဆီးခံနေရချိန်မှာ NLD က မြေနိမ့်ရာ လှံစိုက်လုပ်ခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂတွေကို နှစ်ခြမ်းကွဲအောင် ဗကသကို ဖယ်ထုတ်ပြီး တကသကို သိသိသာသာ မျက်နှာသာ ပေးခဲ့ပါတယ်။ တကသ ကျောင်းသား ကိုစည်သူမောင်အပါအဝင် ကျောင်းသားတွေကို NLD ပါတီထဲ ဆွဲသွင်းပါတယ်။ 

နေပြည်တော်မှာလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ကျောင်းသားတွေဘက်က တင်ပြထားတဲ့  “သမဂ္ဂ” ဆိုတဲ့ စကားလုံး တွေကိုဖြုတ်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ 

“ပြင်ဆင်တဲ့အဆိုပြုချက်ထဲမှာ ကျောင်းသားသမဂ္ဂ၊ ဆရာများသမဂ္ဂဆိုတဲ့ စကားလုံးတွေကို ဖြုတ်ထားတာ တွေ့ပါတယ်။ လွှတ်တော်က ဖြိုးဇေယျာသော်ရဲ့အဆိုကို ကန့်ကွက်သူရှိပါသလား မေးတယ်။ အဲ့ဒီမှာ ကန့်ကွက်သူရှိပါတယ်ဆိုပြီးတော့ ထခိုင်းတဲ့အခါမှာ ဦးသိန်းညွန့်ရယ်၊ ကျွန်တော်ရယ်၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီက ဒေါ်မြင့်မြင့်သန်းရယ်၊ ဒေါ်တင်နွယ်ဦးရယ် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ယောက် ကိုစိန်ထွန်း ထန်းတပင်က တစ်ယောက်လည်း ပါတာတွေ့ပါတယ်။” လို့ ဦးခိုင်မောင်ရည်က ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား NLD ပါတီဝင်တွေက သမဂ္ဂစာလုံးကို ဖြုတ်ဖို့ သဘောတူကြပါတယ်။ 

အခုလည်း ဗကသ ကျောင်းသားတွေ ဖမ်းဆီးခံရတာ ၃ လကျော်တဲ့အထိ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါးစပ်ပိတ်နေခဲ့ကြတာပါ။ ဗကသ ကျောင်းသားတွေအတွက် မတောင်းဆို ပေးတဲ့အပြင် တကသ ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အထိခေါ်ပြီး ဆွေးနွေးပွဲ တွေလုပ်ပေးပါတယ်။  လူရာသွင်းပြီး ပွဲထုတ်ပေးပါတယ်။ ပိုဆိုးတာက နိုင်ငံခြားက ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေကိုဖိတ်ခေါ်ပြီး တွေ့ဆုံပေးတာတွေ၊ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်နဲ့ နိုင်ငံခြားလွှတ်တာ တွေ လုပ်ခဲ့ပါတယ်။ 

ဖမ်းဆီးခံ ဗကသ ကျောင်းသားတွေကို ရုံးထုတ်ချိန်မှာလည်း ဆရာတော် သံဃာတော်တွေ၊ ဆရာမတွေ လာရောက် ကြည့်ရှုတာတွေ ရှိပေမယ့် NLD က လုံးဝ ဥပက္ခာပြုထားတာပါ။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက မဖြိုးဖြိုးအောင်ကို အမေရိကန် သမ္မတဟောင်း ဘုခ်ျ ကိုယ်တိုင်က အလေးထား လာတော့မှ ဒီတစ်ပတ်မှာ NLD အမတ်တွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယျာသော်နဲ့ ဦးသိန်းဆွေတို့ကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်လိုက်တာပါ။ NLD ရုတ်တရက် ပုံစံပြောင်းသွားခြင်းကို ကျောင်းသားတွေ သာမက နိုင်ငံရေးအသိုင်းအဝိုင်းက သံသယရှိနေကြပါတယ်။ ကျောင်းသားထုဆီက NLD ဘာလိုချင် လို့လဲဆိုတာ မေးခွန်းထုတ်စရာပါ။ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲလိုချင်တာလား၊ ဒါမှမဟုတ် အစိုးရကို အကြပ်အတည်းတွေ့စေမယ့် သပိတ်တစ်ခု ဖန်တီးချင်လို့လားဆိုတာ နိုင်ငံရေးလေ့လာသူများက သတိနဲ့ စောင့်ကြည့်နေကြပါတယ်။
                                   
m e

Tuesday, November 19, 2013

Online Business လုပ်ကြမလား..?



တစ်ချို့ တလေကတော့ ဒီနည်းလမ်းတွေကို သိပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေး တစ်ခုကို မိမိ အိမ်ကနေ အင်တာနက် ရှိရုံနဲ့ လုပ်နိုင်တဲ့ အခွင့်အလမ်း ပါ။ နိုင်ငံတကာမှာတော့ ဒီလို နည်းလမ်းတွေဟာကိုယ်ပိုင် အားတဲ့ အချိန်တွေမှာ တစ်ဖက် တစ်လမ်းကနေ ၀င်ငွေရှာနိုင်ဖို့  လုပ်ကိုင်တတ်ကြပါတယ်။
အိမ်ထောင်ရှင် မိခင်တစ်ယောက်က ကလေးထိန်းရင်း အလုပ်လုပ်နိုင်သလို ၊ ကျောင်းတက်နေရ တဲ့ ကျောင်းသားတွေကလည်းသူတို့  လိုအပ်တဲ့ ကျုရှင်ကြေးကို ရှာဖွေနိုင်မယ်။ လူငယ်တွေကလည်း အိမ်မှာ လုပ်နိုင်တဲ့ အွန်လိုင်း စီးပွားရေး တစ်ခုကို ဖန်တီးနိုင်ပါမယ်။

(၁) – ဘလော့ရေးခြင်း
အွန်လိုင်းကနေ အလုပ်လုပ်ဖို့ အတွက် အလွယ်ဆုံး နဲ့  အစောဆုံး စတင်ခဲ့တဲ့ ပိုက်ဆံ ရှာတဲ့ နည်းလမ်းဖြစ်ပါ တယ်။ ပထမဆုံးကတော့ စာရေးရတာ မျှဝေရတာ ၀ါသနာ ပါတဲ့ သူ ဖြစ်ရပါမယ်။ မိမိ အားသန်တဲ့ လိုင်း တစ်ခုခုကို ထိထိရောက်ရောက် ရေးသားရပါမယ်။
ဒါဟာ ကုန်ပစ္စည်း တစ်ခု ဆိုရင် သင့် ဖောက်သည် စာဖတ်သူတွေကို ဘယ်လို ကောင်းမွန်တဲ့ စာကောင်း ပေကောင်း အရေးအသားကောင်းတွေ မျှဝေနိုင်မလဲ ဆိုတဲ့ သင့်အရည်အချင်း အပေါ်မူတည်ပါလိမ့်မယ်။ နည်းပညာအကြောင်း ရေးမလား ၊ ဗဟုသုတအကြောင်းရေးမလား ၊ အစားအသောက် အချက် အပြုတ်၊ ခရီးသွားတဲ့ အကြောင်း ..  အိုး စုံလို့ ပါပဲ ။  တစ်ခုရှိတာက ဘယ်အရာမှ ချက်ချင်း စိုက်ပျိုးပြီး ချက်ချင်း စားသုံးလို့  မရနိုင်တာကို သိရပါမယ်။ တစ်ခုခု ကို ဇောက်ချ ရေးသား တင်ပြသွားပါ။ အခုဆိုရင် ဆိုရှယ် နက်ဝေါ့တွေကလည်း အားကောင်းနေတာ ဆိုတော့ မိမိ နက်ဝေါ့မှာ မိမိပရိသတ်တွေနဲ့  ချိတ်ဆက်ထားရပါမယ် ။ မိမိ အနေနဲ့ ပေါ်ပင် လုပ်တဲ့ စိတ်ရှိရင်တော့ အစကထဲ က ဖျောက်စေချင်ပါတယ်။ ဒါက စေတနာ နဲ့ အချိန် ပေးပြီး ရင်းနှီးမြုပ်နှံရတဲ့ အလုပ် ဖြစ်လို့  ဖြစ်ပါတယ်။ အချိန်တစ်ခု အတိုင်းအတာ တစ်ခု ရောက်တဲ့ အခါမှာ Out come အနေနဲ့ 
သင့်မှာ အကျိုးအများကြီး ရရှိ ပါလိမ့်မယ်။

ပထမဆုံး မိမိ အရေးအသား Skill ရှိလာပါလိမ့်မယ် ။ အသိပညာ ကြွယ်ဝလာပါလိမ့်မယ်။ နောက် ပရိသတ်တွေ ရလာပါလိမ့်မယ်။ ဒီအခြေ အနေမှာတင် ၀င်ငွေရနိုင်ပြီ ဖြစ်ပါတယ်။
ဂူဂဲလ် ရဲ့ ဘလော့ က ၀န်ဆောင်မှု ဖြစ်တဲ့ Adsense ကို အသုံးပြုပြီး User Traffic နဲ့  ပိုက်ဆံယူမလား ။ အွန်လိုင်း Advertising ၀န်ဆောင်မှု နဲ့  ချိတ်ဆက်ပြီး Pay Per Click နဲ့  ၀င်ငွေ ရှာမလား…။ ရနိုင်ပါတယ်။
စိတ်တော့ ရှည်ရပါလိမ့်မယ်။

(၂) – အွန်လိုင်း မာကတ်တင်း
ဒါကို Affiliate Marketing လို့ လည်း ခေါ်ပါတယ် ။ ပြောရရင် စုပေါင်းချိတ်ဆက်ပြီး ကိုယ်ဘက်ကနေ ကုမ္မဏီ အတွက် တဆင့်အွန်လိုင်း မာကတ်တင်း ဆင်းပေးတဲ့ သဘောပါ ။
ကုမ္မဏီ တစ်ခုခုရဲ့ ထုတ်ကုန်နဲ့  ၀န်ဆောင်မှုများကို social media platform တွေ အသုံးပြုပြီး ကြော်ငြာပေးတာတွေ ၊ ဝဘ်ဆိုက်မှာ တင်ပြီး ကြေငြာပေးတာတွေ ဖြစ်ပါတယ်။ Social Media မှာကတော့ Facebook လိုမျိုးမှာ Page လုပ်ပြီး ကြေငြာတာတွေ တွေ့ဖူးကောင်း တွေ့ဖူးပါလိမ့်မယ်။ တစ်ချို့ ဆိုရင် နာမည်ကြီးတဲ့ ဆိုက်တွေ မှာ ကြော်ငြာပေးတာတွေ ၊ ပရိုမိုးရှင်း ဘာညာ သာရကာတွေ တင်ပေးတာတွေ လုပ်ရပါတယ်။
မိမိ ကြော်ငြာပေးရတဲ့ ကုမ္မဏီ က နာမည်ကြီး Brand တစ်ခု ဖြစ်ပြီး မိမိ Local အတွက် ထိုးဖောက်ပြီး ကြေငြာပေးရတယ် ဆိုရင် ထိုမာကတ်တင်း ဆင်းလို့ တက်လာတဲ့ အမြတ်ရဲ့၁၀ ရာခိုင်နှုန်းကနေ ၃၀ အထိ ရနိုင်ပါတယ်။ ဒါက နိုင်ငံတကာ က ပေးတဲ့ နှုန်း ဖြစ်ပါတယ်။
(၃) – Review ရေးပေးခြင်း
Samsung က အသစ်ထွက်တဲ့ Smart Phone တစ်လုံးအကြောင်း သုံးစွဲပုံ အမြင်လေး ရေးပေးရမယ် ဆိုပါတော့ ။ ဖြစ်သင့်တာက ထို စမတ်ဖုန်းကို ကိုယ်တိုင် ကိုင်တွယ် အသုံးပြုကြည့် ။ ပွတ်ကြည့် ။ App တွေကလိကြည့်။ စသဖြင့် ကိုယ် ကြုံတွေ့ လာရတဲ့ အကြောင်းအရာ Product ရဲ့  ကောင်းမွန်တဲ့ အနှစ်သာရတွေကို ရေးသားရပါတယ် ။ ဒါက သဘော ပြောပြတာပါ ။ ဒီနေရာမှာ အလှကုန်ပစ္စည်း အသစ် ဖြစ်ချင် ဖြစ်မယ်။
အိမ်သုံးပစ္စည်း ၊ လူ့ အသုံးအဆောင် တစ်ခုခု ၊ အစားအသောက် ထုတ်ကုန် အသစ် အားလုံးဖြစ်နိုင်ပါတယ်။ မိမိ ရေးသားထားတဲ့ Review ကို အွန်လိုင်းမှာ တင် ။ ဒီလိုနဲ့  ၎င်းကုမ္မဏီများရဲ့ Product များဟာဖောက်သည်များကို မ၀ယ်ယူ ၊မသုံးစွဲရသေးခင် အွန်လိုင်းမှာ တင်ထားတဲ့ မိမိ Review ကို လေ့လာပြီးနောက် ပိုမိုအရောင်း သွက်လာတဲ့အခြေအနေ ဖြစ်ပေါ်လာပါတယ်။
နိုင်ငံတကာ နှုန်းနဲ့ ပဲ ပြန်တိုင်းရလျှင် Review ရေးသားခဟာ မိမိ ကျွမ်းကျင်မှု ၊ အရေးအသားကောင်းမွန်မှု အပေါ်မူတည်ပြီး တစ်ပုဒ်ကို ဒေါ်လာ ၂၀ ကနေ ၂၀၀ အထိ ရရှိပါတယ်။
(၄) – Web Desiging and Developing
ဒါကတော့ Professional ဆန်တဲ့ လိုင်းတစ်လိုင်း လည်း ဖြစ်ပါတယ်။ Web Designer နဲ့  Develper အတွက် လိုအပ်တဲ့ Skills များကို သင်ယူတက်မြောက်ပြီး မှ လုပ်နိုင်မဲ့ Online ဆက်စပ်အလုပ် တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။
Programming အကြောင်း နားလည်ရမယ် ။ ဒီဇိုင်းတွေကို ဖန်တီးနိုင်ရမယ် ။ မိမိ ပြုလုပ်မဲ့ ဆိုက်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖန်တီးမလဲ ဆိုတဲ့ အမြင်တွေ ရှိရပါမယ် ။ ဒါကလည်း ကုမ္မဏီ မှာလည်း လုပ်ကြသလို Freelance အနေနဲ့ လည်း Out source တွေ ရှာပြီး အိမ်ကနေ လုပ်နိုင်တဲ့ အလုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ Network ကလည်း ကောင်းရပါမယ် ။ ဒီလိုမျိုးကတော့ အိမ်က လုပ်နိုင်တဲ့ အလုပ်မှန်ပေမဲ့ Team Work ကို အားပေးတဲ့ ကျနော် အနေနဲ့ တော့ Social ကျအောင် နေဖို့  အကြံပြုလိုပါတယ်။ သိတဲ့ အတိုင်း Freelance သမားများအနေနဲ့  Asia မှာက အနောက်တိုင်း နိုင်ငံများထက် ရရှိငွေ နည်းတာကို တွေ့ ရပါတယ်။ အကယ်၍ Freelance ကြိုက်တဲ့သူတစ်ယောက် ဆိုရင်တော့ ဒါကလည်း အကောင်းဆုံး Online က စီးပွားရေးပါပဲ။
(၅) – အွန်လိုင်း လေလံ စီးပွားရေး
မိမိ မှာ ရှိတဲ့ တန်ဖိုးရှိ ပစ္စည်း တစ်ခုခုကို အွန်လိုင်းမှာ တင်ပြီး လေလံစနစ်နဲ့ ရောင်းမလား ၊ ၀ယ်မလား ? ဒါကို လုပ်နေတဲ့ ဆိုက်တွေကလည်း တော်တော်များများ ရှိပါတယ်။ နေ့ စဉ် လေလံ တင်သူ ၀ယ်သူ ဈေးပြိုင်သူစသဖြင့် တော်တော်များများ ပါဝင်ပြီး ဈေးကစားနေကြတဲ့ အွန်လိုင်း စီးပွားရေး တစ်ခုလည်း ဖြစ်ပါတယ်။ ကျနော်တို့  နိုင်ငံမှာတော့ Ebanking System ဖြစ်လာတဲ့ အချိန်မှ ဖြစ်ပေါ်လာမယ်လို့ ထင်ပါတယ်။
သူက အွန်လိုင်းကနေ မိမိဘဏ်အကောင့်နဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်လို့ ပဲ ဖြစ်ပါတယ်။ ဒီတော့ မိမိမှာရှိတာ ရောင်းမလား ၊ သူများလေလံတင်တာ ၀ယ်ပြီး ပြန်ရောင်းမလား ။ ဖြစ်လာမှာပါ။ နာမည်ကြီး ဆိုက်တွေ ဖြစ်တဲ့ Ebay နဲ့ Amazon မှာလည်း ဒီလို စီးပွားဖြစ်နေတဲ့ သူတွေ အများကြီးပါ။
(၆) – E-commence Store ခေါ်တဲ့ Online Shopping
သူကလည်း အွန်လိုင်းကနေ ကုန်ပစ္စည်း ရောင်းရင် ပိုက်ဆံရှာ နိုင်တဲ့ Online Business ပါပဲ ။ တော်တော်များများတော့ သိကြမှာပါ ။ အွန်လိုင်းကနေ ဈေးရောင်း ဈေးဝယ် လုပ်ကြတယ် ။
အရင်ဆုံး ဆိုက်တစ်ခု လုပ်ရတယ်။ အများဆုံးကတော့ Facebook မှာ Page တွေအဖြစ်
တွေ့ ရမှာပါ ။ E banking လိုအပ်နေသေးတဲ့ ကာလတစ်လျှောက်လုံးကတော့ ဈေးဝယ်သူနဲ့  ရောင်းသူကြား ကသိကအောက် ဖြစ်စရာလေးတွေရှိတတ်ပါတယ်။
နိုင်ငံတကာ Online Shopping ဆိုက်က ဝဘ်ဆိုက် နဲ့  E banking ကို တစ်ခါထဲ ချိတ်ဆက်ထားပြီး မိမိ ဘဏ်အကောင့်နဲ့ တစ်ခါထဲ ရောင်းဝယ်ရတာ ဖြစ်ပါတယ်။
ကျနော်တို့  မြန်မာနိုင်ငံ အနေနဲ့ လိုချင်တာကို အော်ဒါ မှာပြီးရင် Door to door ရောင်းဝယ်တာ မျိုး ဒါမှမဟုတ် မှာထားပြီး ငွေသွားရှင်းရတာမျိုးဆိုတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ဥပမာ http://www.omyanmar.com/ နဲ့  http://www.bestmyanmardeal.com/ တို့ ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။
ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် အချိန်ပေးနိုင်သလောက် ထိုက်တန် ၀င်ငွေလည်း ရမှာ ဖြစ်ပါတယ်။ အချိန်ပြည့်ပဲလုပ်လုပ်၊ အချိန်ပိုင်းပဲလုပ်လုပ် ဒါက သင်နဲ့ ပဲ ဆိုင်ပါတယ်။
အရေးကြီးတာ တစ်ခုက အိမ်ကနေလုပ်ရတဲ့ ဒီလို အလုပ်လေး တွေ အတွက် ဘယ်လောက် အချိန်ပေးနိုင်တာ ၊ ဘယ်လောက် လုပ်နိုင်တာက ကန့်သတ်ချက် မရှိပါဘူး။
ဒါပေမဲ့ အကောင်းဆုံး ဆန်းသစ်တဲ့ ဖန်တီးမှုတွေ ကို ဘယ်လိုပေးနိုင်မလဲ ဆိုတဲ့ Creation ကသာ သင့်အတွက် ကန့်သတ်ချက် ဖြစ်ပါတယ်။
အွန်လိုင်းကနေ အလုပ်လုပ်တဲ့ နည်းလမ်းတွေက ထောင်သောင်းမက ရှိပါတယ်။ မိမိတို့  အိုင်ဒီယာ ရှိတဲ့ အပေါ်မူတည်ပြီးသာ ကွဲပြားကောင်း ကွဲပြားသွားပါလိမ့်မယ်။
Lynntazaung

စမုံနက်ပင်ရဲ့အသုံးဝင်ပုံ




ထက်ဆု
စမုံနက်ရဲ့ အရသာကိုလူတိုင်းမကြိုက်ကြပါဘူး။ ဒါပေမယ့် စမုံနက်က အမျိုးသမီးများ လစဉ် ဓမ္မတာမလာမီ ကိုက်ခဲခြင်းကို ကျော်လွန်စေနိုင်ပါတယ်။ စမုံနက်က အမျိုးသမီးများမှာရှိတဲ့ လိင်နဲ့ပတ်သက်တဲ့ ဟိုမုန်းဓါတ်ကို ထိန်းညှိပေး ပါတယ်။ အမျိုးသမီးထုရဲ့ ၄၀ ရာခိုင်နှုန်းက ဓမ္မတာမလာမီ ကိုက်ခဲခြင်းက သူတို့ရဲ့ ဘ၀အရည်အသွေးကို ထိခိုက်စေပါတယ်လို့ ပြောပါတယ်။ ဒီံထက် ဆိုးဆိုးဝါးဝါး ခံစားရတဲ့ အမျိုးသမီးတွေကတော့ အဲဒီအချိန်မှာ စိတ်တိုလွယ်နေတတ်ပြီး စိတ်ကျ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။


နောက်တစ်ခုက နွယ်ချိုလိုအရသာမျိုးရှိတဲ့ အစေ့တွေကို စားပေးခြင်းဖြင့် အမျိုးသမီးများရဲ့ စိတ်အားငယ်ခြင်း၊ စိတ်ပျက်ချင်း စတဲ့ဝေဒနာတွေကို သက်သာစေပြီး အလုပ်လုပ်ရတာ ပိုပြီး အဆင်ပြေစေပါတယ်။
ဝန်ထမ်းနယ်ပယ်မှာလဲ အမျိုးသမီးထုရဲ့ အင်အားက မသေးတာမို့ ကျန်းမာရေး ဆိုင်ရာ ပျက်ရက်တွေနဲ့ ထုတ်ကုန်တွေလျော့နည်း ရတဲ့အတွက် စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုနေနဲ့ နှစ်စဉ် တစ်နှစ်ကို ပေါင်၃၀၀၀ လောက် ဆုံးရှုံးပါတယ်။ ဒီအတွက် ဆေးဝါးမှီဝဲပေမယ့် အလုပ်မဖြစ်တာတွေ ၊ ဘေးထွက်ဆိုးကြိုးတွေလဲ တွေ့ရပါတယ်။
အီရန်နိုင်ငံက သိပ္ပံပညာရှင်တွေက စမုံနက်ကို အမျိုးမျိုးသော ဆေးဖော်စပ်ရာ နေရာတွေမှာ အသုံးပြုပါတယ်။ Urmia တက္ကသိုလ်မှ လေ့လာသူ Hassan Pazoki က “စမ်းသပ်မှု (၈)ပတ်အကြာအပြီးမှာတော့ ရောဂါလက္ခဏာပြင်းထန်မှု လျော့ကျသွားပြီး ဒီ့အတွက်ကြောင့်ပဲ သူတို့ရဲ့အလုပ်ကို ပြန်လည်အာရုံစိုက်နိုင်ခဲ့ကြတယ်။ မိသားစု ၊ သူငယ်ချင်းမိဆွေတွေနဲ့လဲ ပုံမှန်ဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်ခဲ့ ကြတယ်” လို့ ပြောသွားပါတယ်။Ref:mailOnline

မြဝတီအလှမယ်များ မဲဆောက်မှာ အလှပြိုင်


စနေနေ့ညက နယ်စပ်မြို့ မဲဆောက်မှာပြုလုပ်တဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင်ပွဲနဲ့ မီးမျှောပွဲ(လွိုင်းကထုံး) အထိမ်းအမှတ် မယ်ရွေးပွဲ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။  ဒီပွဲကို မြ၀တီမြို့က အလှဆုံးတွေထဲက   ၁၀ ဦး လာရောက်ယှဉ်ပြိုင်ကြပါတယ်။   မသိမ့်သိမ့်စိုးသိန်း -ပထမ  မပိုးဇာခြည်ကျော် -ဒုတိယ  မခိုင်ဇာဇာအောင် -တတိယ  ရရှိကြပါတယ်။   ဒီပွဲကို မဲဆောက်မှာရှိတဲ့ ထာ့စိုင်လို့ဝပ်အပိုင် မြူနီစပါယ်အဖွဲ့က ပြုလုပ်တာပါ။  ထိုင်းနဲ့မြန်မာအလှမယ်ရွေးပွဲကို တရက်ခြား ကျင်းပတာဖြစ်ပြီး ထိုင်းမယ်ရွေးပွဲကိုတော့ တနင်္ဂနွေညမှာ ကျင်းပါတယ်။  ရက်ခြားပေမဲ့ ဆုကြေးငွေကတော့ အတူတူပါပဲ။   ပထမ ဘတ် ၁၀၀၀၀  ဒုတိယ ဘတ် ၇၀၀၀  တတိယ ဘတ် ၄၀၀၀ - ဖြစ်ပါတယ်။   အထူးဆုဖြစ်တဲ့ ပရိသတ်ပေးတဲ့ဆုအတွက်ကတော့ ဘတ် ၃၀၀၀ ဖြစ်ပါတယ်။





















Sunday, November 17, 2013

မဲဇလီဖူး ဆေးဖက်ဝင်အောင်သုပ်နည်း






Saturday, November 16, 2013

''လပြည့်ည မှာ သုပ်စား တဲ့ မဲဇလီ ဖူးသုပ် က ဆေးဖက် ဝင် တယ်။ ကျေးလက် တော ရွာတွေ မှာ နေတဲ့ သူတွေ ဆိုရင် လပြည့်နေ့ လရောင် ကျထား တဲ့ မဲဇလီဖူး တွေကို ခူးသင့် ပါတယ်။ လရောင် ထိထား တဲ့ မဲဇလီတွေ ကဆေး ပေါင်းခ ပြီး ဆေးစွမ်း ထက်ပါ တယ်။ မြို့မှာ နေတဲ့ သူတွေ ဆို ရင်တော့ လပြည့်ည မတိုင်မီ ခူးထား တဲ့ မဲ ဇလီဖူးတွေ ကို လပြည့်ည နက္ခတ် စုံချိန်ကျ မှာ ရေနွေး ဖျော ပြီး သုပ် စား သင့် ပါတယ်။ နက္ခတ် စုံချိန် နှစ်ချိန် ရှိပါတယ်။ လပြည့်နေ့ ည ၉ နာရီ ၁၆ မိနစ်နဲ့ လပြည့် နေ့ သန်းခေါင် ယံ အချိန်မှာ မဲဇလီ ဖူးသုပ် ကို သုံးဆောင် သင့် ပါတယ်'' ဟု ယင်း က ဆိုသည်။ ဆေးပေါင်း ခချိန်တွင် မဲ ဇလီဖူး သုပ်စားခြင်း ဖြင့် အသက် ရှည်ပြီး အနာ ရောဂါ ကင်းမဲ့စေ နိုင်ကြောင်း၊ မဲဇလီရွက် သည် နတ်ပြည် တွင် နတ်သက် ရှည်ရန် စားလေ့ ရှိသည့် မဉ္ဇူသက နတ် ပန်း နှင့်ဆင် တူသော ကြောင့် မဲဇလီ ရွက်များ ကို စားသုံး ခြင်းဖြင့် အ သက် ရှည်၊ အနာကင်း နိုင်ကြောင်း ရှေးသူ ဟောင်း တို့မှ အကြံပြု ခဲ့သ ဖြင့် ယင်း ဓလေ့မှာ ယနေ့ တိုင် ထွန်းကား နေဆဲ ဖြစ်ကြောင်း သိ ရသည်။

Aung Zaw Oo
အေးမြသာစည်ရွာ

Miss Htar Htet Htet With Bikini Swimming Suit












B ပိုး C ပိုးသမားတွေ အတွက် သတင်းကောင်း *ဣဿရမူလီ*







ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochiaindica)* သာမညဣဿရီတဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီးတရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။

အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလိုအိမ်မှာအလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီးအဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလိုခပ်ဆင်ဆင်ဖြစ်ပြီးအရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲအနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီးအရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်ကသိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေနန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေးမိတ်ဆွေတစ်ဦးဘီပိုးရောဂါဖြစ်ပြီးယိုးဒယား၊ စင်္ကာပူအထိသွားကုတာသိန်းပေါင်းများစွာကုန်ပေမယ့် ရောဂါကမပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်ကဣဿရမူလီကိုသုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကိုအစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်းသူ့ရဲ့ အသားအရေလည်းအရင်လိုနီကြောင်ကြောင် နီရဲရဲမဟုတ်တော့ပဲအသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်းတော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကိုဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်းမေးလာတော့ သူကတိုင်းရင်းဆေးဣဿရမူလီဆေးကိုသုံးကြောင်းပြောလိုက်တယ်။
အခုသူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*

(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်းရပါတယ်။ (၃) အရွက်ကိုအခြောက်လှမ်းပြီးလက်ဖက်ရည် သောက်သလိုမျိုးသောက်ရင်လည်းရတယ်တဲ့။
ဓါတ်ပုံကိုလားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာသွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီမှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံဆက်လက် လက်ဆင့်ကမ်းပြီးဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *

မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)

ကိုထွန်းလွင် ( သုတဘုံ )

ရေကူးနေတဲ့ Waso Moe Oo












စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ








အမေရိကန်နိုင်ငံမှာပါ။ Chris Zane လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ မိဘ ၂ ပါးက စက်ဘီး ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာပါ။
နောက်တော့ စက်ဘီးဆိုင်က အရောင်းမထွက်ပဲ ပိတ်ခါနီးအချိန် အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ Chris Zane က ဆက်ဖွင့်ရန် တောင်းဆိုပါတယ်။ အဘိုးဖြစ်သူထံက အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကိုအတိုးနဲ့ ချေးငှားခဲ့ပြီး စက်ဘီးဆိုင်လေးကို ပြန်ဖွင့် ပါတယ်။ စက်ဘီးပဲ ရောင်းတာ မဟုတ်တော့ ပါဘူး။ စက်ဘီး လေထိုး၊ ကျွတ်ဖာတာကစလို့ သူကိုယ်တိုင် လုပ်ကိုင်ပါ တယ်။ မနက်ပိုင်း ကျောင်းသွားချိန် အမေ့ကို ဆိုင်စောင့်ခိုင်းပြီး ညနေမှာ ဆိုင်ကို သူတာဝန်ယူပါတယ်။


ယနေ့ Chris Zone ရဲ့  အသက်က ၄၆ နှစ်ရှိသွားပါပြီ။ သူ့ရဲ့ နှစ်စဉ်ဝင်ငွေ ကလည်း အမေရိကန်ဒေါ်လာ ၂၁ သန်းအထိ မြင့်တက် သွားပါတယ်။ သူ အသက်ငယ်စဉ် စတင်လုပ်ကိုင်တုန်းက စက်ဘီး သိပ်အများကြီး မတင်ရောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် သူ့လုပ်ငန်းငယ်လေးကို တိုးချဲ့ လာတာ အမေရိကန်က စက်ဘီး ကုမ္မဏီတို့ အားထားရတဲ့ အရောင်းဆိုင် တစ်ခု ဖြစ်လာပါတယ်။ ယနေ့မှာ Chris Zone ဟာ သန်းကြွယ် သူဌေးဖြစ်ပြီး အများလေးစားခံရတဲ့ Entrepreneur တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: inc
အောင်ခမ်း

အသားပိုကြီး ပိုင်ရှင်ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့





အိန္ဒိယ နိုင်ငံမှ Lalit Ram ဆိုသူတွင် မျက်နှာ၌ ကြီးမားသော အသားပိုကြီးကို တွေ့ရှိခဲ့ ရပါတယ်။ သူ၏ အသက်ကတော့ ၂၃ ဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ မြို့နှင့် အလွန်ဝေးသော ဒေသတွင် နေတယ်လို့ ဆိုပါတယ်။ လယ်ယာ စိုက်ပျိုးခြင်းကို လုပ်ကိုင်ကာ အသက်မွေးတယ်လို့ ဆိုပါတယ်။

သူသည် ထိုအသားပိုကြီးကြောင့် အပေါင်းအသင်း မရှိသည့်အပြင် အစားစားရာတွင်လည်း အလွန်ပဲ အခက်အခဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထိုသူသည် လွန်စွာပင် စိတ်ဓာတ်ကျခဲ့ တယ်လို့ ဆိုပါတယ်။ ကံကောင်းစွာပဲ သူ၏ အသားပိုကြီးကို ဆရာဝန်များ ဖယ်ရှားနိုင်ခဲ့ပါတယ်။
ထိုဒေသမှ ခရစ်ယာန် ဘုန်းတော်ကြီးတွေက " သူသည် အလွန်ပင် သနားစရာ ကောင်းသော သူတစ်ယောက် ဖြစ်ပါတယ်။ လူငယ်တစ်ယောက် ဖြစ်ပေမယ့် အသားပိုကြီးကြောင့် မည်သည့် သူကမျှ အပေါင်းအသင်း မလုပ်၊ ဘယ်အမျိုးသမီး ကမှ ပြန်မကြိုက် ခဲ့ပါဘူး"။
ယခုတော့ သူ၏ ဘဝဟာ လွန်စွာပင် လှပခဲ့ပါတယ်။ အသက်အန္တရာယ် မရှိစွာပဲ အသားပိုကြီးကို ကောင်းစွာပင် ဖယ်ရှားနိုင်ခဲ့ ပါတယ်။ ထို့ကြောင့် လာခြင်းမကောင်းသော ထိုသူအတွက် ဝမ်းသာစရာပင် ဖြစ်ပါတယ်။
Lalit Ram " ကျွန်တော် အလွန်ပဲ ဝမ်းသားပါတယ်။ အစကတော့ ကျွန်တော် လူများတဲ့ ဘယ်နေကိုမှ မသွားရဲဘူး။ ပိုက်ဆံလည်း ရအောင် မရှာနိုင်ဘူး။ ချစ်သူလည်း မရှာနိုင်ဘူး။ ဒီနေ့မှာတော့ ကျွန်တော် အရင်က စိတ်ကူးယဉ်တာတွေ အားလုံးကို လုပ်ပါ့မယ် " လို့ သူက ဝမ်းမြောက် ပျော်ရွှင်စွာ ပြောခဲ့ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

Hot Photo Model- Baby Mg














Related Posts Plugin for WordPress, Blogger...